RCSS(SSA) အဖွဲ့ဟာဆိုရင် နိုင်ငံရေးနဲ့ လုံခြုံရေး အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြောင်းလဲ ဖွဲ့စည်း လာတဲ့၊ ဘိန်းဘုရင် ခွန်ဆာ ခေါင်းဆောင်တဲ့ (MTA) မှ ဆင်းသက်လာသော အဖွဲ့သာ ဖြစ်
----------------------------
----------------------------
၁၉၇၆ ခုနှစ်တွေမှာ ဘိန်းလုပ်ငန်းဖြင့် လက်ဝါး ကြီး အုပ်ချုပ် လုပ်ဆောင်နေသူမှာ ခွန်ဆာ ဖြစ်ပါတယ်။ ခွန်ဆာရဲ့ ငယ်နာမည်မှာ ကျန်ရှိဖူး ဖြစ်ပြီး အဘ ကျန်ပင်ဟောင် ၊ အမိ နန်းရှမ်းဝန်း တို့မှ ၁၉၆၀ ခုနှစ်တွင် လွယ်မော်ရွာ ၌ မွေးဖွားခဲ့ပါတယ်။ ခွန်ဆာသည် ၁၉၅၈ ခုနှစ်မှာ မြန်မာနိုင်ငံမှ စွန့်ခွာ သွားသော ကေအမ်တီ တရုတ်ဖြူတပ်နှင့်အတူ ဖော်မိုဆာ အထိ လိုက်ပါသွားပြီး ၁၉၆၀ ခုနှစ်ပြည့်နှစ်မှာ ပြန်လည် အလင်းဝင်ရောက်ခဲ့ပါတယ်။ ၁၉၆၁ ခုနှစ် ၊ ဇန်နဝါရီလ မှာ အစိုးရက လွယ်မော်ကာကွယ်ရေး ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ ခွန်ဆာဟာ ထပ်မံပြီး လွယ်မော်ကာကွယ်ရေးအဖွဲ့ တွေကို စည်းရုံးပြီး အင်အား ၃၅၀ ခန့်နဲ့ ထိုင်း-မြန်မာ နယ်စပ်ကို တောခိုသွားပြီး ၁၉၆၆ ခုနှစ်မှာ ပြန်လည် အလင်းဝင်ရောက် ခဲ့ပါတယ်။ ထို့နောက် ခွန်ဆာ၏ ကာကွယ်ရေး တပ်ဖွဲ့သည် တန့်ယန်း မြို့ပေါ်သို့ ပြောင်းရွေ့ခဲ့ပြီး ဘိန်းမှောင်ခိုလုပ်ငန်းများ ပြုလုပ်ခြင်း ၊ ပြည်သူ လူထုအား အနိုင်ကျင့်ခြင်း ၊ လူသတ်ခြင်းများကို အများအပြား ပြုလုပ်ခဲ့သည့်အတွက် ၁၉၆၉ ခုနှစ်တွင် ခွန်ဆာအား ဖမ်းဆီးခဲ့ပါတယ်။၁၉၇၄ ခုနှစ်မှာ ခွန်ဆာဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက် လာပြီး ၁၉၇၆ ခုနှစ်မှာ ထိုင်း-မြန်မာ နယ်စပ်ကို ထပ်မံ တောခို ခဲ့ပြန်ပါတယ်။ ခွန်ဆာ ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ဘိန်းရောင်းဝယ်မှုများကို လုပ်ကိုင်ပြီး ယခင် ကေအမ်တီ အဖွဲ့ နဲ့ ပူးပေါင်းကာ ဘိန်းကုန်မှုများကို ကျယ်ပြန့်စွာ လုပ်ဆောင် လာခဲ့ပါ တယ်။ သူရဲ့ တောခိုလွယ်မော်အဖွဲ့အား (Shan United Army) ကို ဖွဲ့စည်းခဲ့ပြီး ၁၉၈၅ ခုနှစ် မှာ ထိုင်း-မြန်မာ နယ်စပ်က နယ်မြေတွေကို တိုးချဲ့ ခဲ့ပါတယ်။ ဘိန်းလုပ်ငန်း လုပ်ကိုင်ရင်းမှ ရရှိလာတဲ့ ငွေကြေးတွေကို အဖွဲ့အတွင်းမှာ မက အက်စ်ယူအာရ်အေ ကိုပါ ထောက်ပံ့မှုတွေ ကို လုပ်ပြီး ၁၉၈၅ မေလ ၂၆ ရက်နေ့မှာ အဖွဲ့ ၂ ဖွဲ့ ပူးပေါင်းခဲ့ပါတယ်။ ထို့နောက် ၎င်းတို့တပ်ဖွဲ့အား (Mong Tai Army) ဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး ယင်းအဖွဲ့တွင် မိုးဟိန်းသည် ဥက္ကဌ ၊ ခွန်ဆာသည် ဒုဥက္ကဌ နေရာ တာဝန်ခွဲဝေယူခဲ့ပါတယ်။ မိုးဟိန်းသည် လည်ပင်း ကင်ဆာ ရောဂါဖြင့် တစ်ဖက်နိုင်ငံ ဇင်းမယ်တွင် ဆေးကုသမှုခံယူရင်း ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ပါတယ်။ MTA ဌာနချုပ်အား ဟိုမိန်း ၌ ထားရှိပြီး ထိုင်း-မြန်မာ နယ်စပ်တွင် ဘိန်းချက်စက်ရုံများ ၊ လက်နက်စက်ရုံများ တည်ဆောက်ကာ ဘိန်းလုပ်ငန်းကို အကြီးအကျယ် လုပ်ဆောင်ခဲ့သည်။ ခွန်ဆာ၏ အမ်တီအေ လွယ်မော် ဘိန်းဓားပြအဖွဲ့သည် လူသစ်များ အဓမ္မစုဆောင်း ၊ ဘိန်းကုန်ကူးပြီး အင်အား အဆမတန် တိုးချဲ့လာခဲ့သော အဖွဲ့ဖြစ်ပါတယ်။ RCSS(SSA) အဖွဲ့ဟာဆိုရင် နိုင်ငံရေးနဲ့ လုံခြုံရေး အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြောင်းလဲ ဖွဲ့စည်း လာတဲ့၊ ခွန်ဆာ ခေါင်းဆောင်တဲ့ (MTA) အဖွဲ့က ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ မှာ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာရာကနေ ဇန်နဝါရီ လအကုန် မှာ ပြန်လည်ခွဲထွက် တောခိုခဲ့တဲ့ အဖွဲ့ ဖြစ်ပါ တယ်။ ၎င်းတို့ လက်ထက်တွင်လည်း RCSS/SSA အဖွဲ့ဟာ NCA ထိုးထားသည်ကို အကြောင်းပြပြီး တစ်ဖက်က ငြိမ်းချမ်းရေးကို အကြောင်းပြကာ လက်နက် စွဲကိုင်လျက် နိုင်ငံရေး တည်ဆောက်နေတာတွေ၊ လက်နက် အင်အား၊ လူအင်အား တည် ဆောက်နေ တာ တွေ၊ နယ်မြေ တည်ဆောက်နေတာ တွေ၊ တိုင်းရင်းသား အချင်းချင်း အနိုင်ကျင့် တာတွေ ဟာ ပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း ၊ ဖက်ဒရယ် ပြည်ထောင် စုစနစ်ကို ဆန့်ကျင့် ခြင်းတွေသာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Credit ...မူရင်း
Comments
Post a Comment