အင်းလေးဖော်တော်ဦး ရုပ်ပွားတော်သမိုင်း

ဖေါင်တော်ဦးဘုရားသမိုင်း မှ

သက္ကရာဇ် ၇၂၁ - ခုနှစ် တွင် ညောင်ရွှေမြို့့တော်၌ ပထမ ဘွားစား စိုးစံတော်မူသော
စော်ဘွါးကြီးစီဆိုင်ဖ လက်ထက်တော်မှစ၍ သက္ကရာဇ်၁၂၈၉ ခုတွင်ဘွာစားစိုးစံတော်မူသော သာသနဒါယကာ မဟာရာဇာစော်ဘွားကြီး
စောရွှေသိုက် (ပြည်ထောင်စုမြန်မာနိုင်ငံတော် ပထမဆုံးနိုင်ငံတော်သမတ '
လူမျိုးစုလွှတ်တော် နာယကကြီး ) လက်ထက်တော်တိုင် နှစ်ပေါင်း ၅၈၇ နှစ်
အတွင်း စော်ဘွားပေါင်း သုံးကျိပ် (၃၀) တို့၏ လက်ထက်တော်များတွင်
အဆက်မပြတ် ဖေါင်တော်ဦးဘုရားပွဲတော်များကျင်းပတော်မူကြသည်
ယခု မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် အထိဆိုလျှင် နှစ်ပေါင်း ၆၅၇ နှစ်
ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

ရုပ်ပွါးတော်မြတ် ၅ ဆူ တို့၏ ပုံသဏ္ဌာန်တော်များ
ဖေါင်တော်ဦးရုပ်ပွါးတော်မြတ် ၅ ဆူ အနက် မြတ်စွာဘုရားရှင်၏
ဗောဓိပင်နှင့် ရွှေပလ္လင်တွင် ငါးအင်မာရ်ယုတ် ရန်ခလုတ်ကို ဓါးတုတ်မဆောင်
အောင်မြင်တော်မူဟန် ပုံသဏ္ဌာန်ထုလုပ်သည့် ဗောဓိရိုး ရုပ်ပွါးတော် ၃ ဆူနှင့်
ခီဏာသဝ ရဟန္တာ ပုံသဏ္ဌာန်ထုလုပ်သည့် ရဟန္တာရုပ်ပွါးတော် ၂ ဆူဖြစ်၍
ဓါတ်တော်များ သွင်းနှံ ဌာပနာ ထားသည်ဟု အဆိုရှိလေသည်
ရုပ်ပွါးတော် ၄ ဆူသာ ဒေသဇာရီကြွချီတော်မူခြင်း
လည်းကောင်းရုပ်ပွါးတော် ၅ ဆူအနက် တနင်္ဂနွေ ထောင့် လကျ်ာရံ ရဟန္တာတစ်ဆူမှာ
ဒေသစာရီကြွချီတော်မူရာတွင် လိုက်ပါတော်မမူဘဲ ကျန် ၄ ဆူ သာကြွတော်မူလေသည်
လည်းကောင်းလကျာ်ရံ ရဟန္တာ တစ်ဆူကို ပင့်ယူလိုက်ပါစေ၍ ဒေသစာရီလှည်လည်သောနှစ်တွင် ညောင်ရွှေမြို့တော်သို့အကြွ အင်းလယ်

သို့ရောက်သောအခါ လေကြီးမိုးကြီး သည်းထံစွါ တိုက်ခတ်ရွာသွန်းသဖြင့်
ဖေါင်တော်နှစ်မြုပ်၍ ရုပ်ပွါးတော် ၅ ဆူအနက် ၄ ဆူသာ ဆယ်ယူရှိသည်
အဆိုပါရဟန္တာတစ်ဆူမှာ ရှာဖွေစုံစမ်း၍မရရှိပေ
ကျောင်းတော်ရောက်၍ ဂန္ဓကုဋိတိုက်တော်ဖွင့်သောအခါ တွင်မှ ဦးခေါင်းတော်တွင်
မှော်များတင်လျက် ဖူးတွေ့ရကြောင်း
လည်ကောင်းနောက်တဖန် ပင့်ယူလှည့်လည်ပြန်လျှင် အင်းတိမ်သို့အရောက်တွင်
ရှေးနည်းမသွေ မိုးလေသည်းစွာရွာသွန်း တိုက်ခတ်လာသဖြင့် ၎င်းရဟန္တရုပ်ပွါးတော်
တစ်ဆူကို ညတွင်းချင်း ကျောင်းတော်သို့တဖန်ပင့်ပြန် ပို့ဆောင်သောအခါမှပင်
မိုးစင်လေကင်း ချမ်းသာခြင်း ဖြစ်ကြရသည်ဟု
သက်ကြီးစကားသက်ငယ်ကြား မှတ်သားပြောဆိုကြကုန်၏ သက္ကရာဇ် အတိအကျ
မပါ ပါ

ဓါတ်ပုံပါဖေါင်တော်ဦးနှစ်မြုပ်ပုံမှာ
၁၃၂၇ခုနှစ် သီတင်းကျွတ်လဆန်း ၆ ရက် ၁၉၆၅ ခု အောက်တိုဘာလတွင်
ဟဲယာရွာမ မှ ကြေးစားကုန်းသို့အကြွ မြေနီကုန်းရွာအနီးနှစ်မြုပ်ပုံဖြစ်ပါသည်
ရုပ်ပွါးတော်၄ ဆူအနက် ၂ ဆူသာရေခ၍ပြန်ဆယ်ယူပြီး ပြန်လည်ကြွချီခဲ့ကြပါသည်....။
​မေတ္တာဖြင်​့ ကုသိုလ်​ပြု ရှာ​ဖွေမျှ​ဝေပါသည်​ ko inn thar. 

Comments