မိုးမြင့်ထက်က ထူးခြားဆန်းကြယ်သော ရှေးအကျဆုံး " ရန်းခူ RanKhu ကယန်းရွာလေးကို တစ်ခါတစ်ခေါက်တော့အရောက်လာလည်စေချင်ပါသည် ❤️❤❤
============================
============================
( အချိန်လေး (၂) မိနစ်ပေးပြီးဖတ်ပေးကြပါဗျာ )
ကျွန်တော်တို့တိုင်းပြည်မှာ နေရာဒေသစုံစုံလင်လင်
မရောက်ဖူးကြသေးတဲ့သူတွေရှိနေသေးကြသလို
ခေတ်နဲ့အညီမြို့ပြများရဲ့တိုးတက်ပြောင်းလဲမှုတွေကိုဘဲ
စိတ်ဝင်တစားဗဟုသုတအဖြစ်ခရီးတွေထွက်နေကြတဲ့လူငယ်လူရွယ်တွေလည်းရှိနေကြပြီး
လူသူအရောက်အပေါက်နည်းတဲ့တောင်တန်းဒေသကတိုင်းရင်းသားလူမျိုးစုတွေ ရဲ့
ရိုးရာမပျက်နေထိုင်ကြတဲ့ကျေးရွာငယ်လေးတွေကိုတကူးတကာ့သွားရောက်လေ့လာကြတဲ့လူငယ်လူရွယ်တွေလည်းရှိလာကြတာကိုတွေ့မြင်လာရပါတယ်..။
ယခုကျွန်တော်ရေးသားတင်ပြမယ့် " ရန်းခူကယန်း " ရွာလေးဟာ
ဟိုးယခင်ဘိုးဘေးဘီဘင် ၁၇ ရာစုနှစ်များစွာကတည်းက
ရိုးရာမပျက်စည်းလုံးညီညွတ်စွာမြင့်မားသောတောင်တန်းကြီးရဲ့ကျောက်ဆောင်ကျောက်တုံးကြီးများပေါ်မှာရှေးအကျဆုံးသော
" ရန်းခူ " ကယန်းရွာလေးတစ်ရွာဟာအင်မတန်သာယာလှပပြီး
ထူးခြားမှုများစွာနဲ့ငြိမ်းချမ်းစွာစုပေါင်းမှီတင်းနေထိုင်ကြတဲ့ရွာလေးကိုတော့လူသိနည်းကြလိမ့်မယ်လို့ထင်မြင်မိပါတယ်
။
သို့ပေမယ့် နိုင်ငံခြားသားခရီးသွားတစ်ချို့ကတော့စိတ်ဝင်စားစွာနဲ့သွားရောက်လေ့လာနေကြပါပြီ..
ဘယ်လိုသွားရမလဲလို့မေးရင်တော့..
ဒီးမော့ဆိုမြို့ကနေ ဆီဘူး ၊ ဆူးပြောင်းလမ်းအတိုင်း
အချိန်တစ်နာရီခွဲခန့်မောင်းနှင်ရပြီး ဆီဘူးမရောက်ခင် " ခွီးတလုပ် "
ရွာလမ်းခွဲကနေမှတဆင့်ညာဘက်ကျောက်ချောလမ်းလေးအတိုင်း ( ၁၄ )
မိုင်ခန့်အကွာကိုမောင်းသွားမယ်ဆိုရင်တော့
တောင်ထိပ်ပေါ်မှာရှိတဲ့ကျောက်ဆောင်ကျောက်တုံးတွေပေါ်မှာ
သံဖိနပ်မပါဘဲသစ်သားတိုင်များကိုစတုရန်းကျကျမေးတင်ပြီး
ဆောက်လုက်ထားတဲ့ပျဉ်ထောင်အိမ်အလုံး (၆၀) ခန့်ရှိတဲ့
ကယန်းတိုင်းရင်းသားများနေထိုင်ကြတဲ့ " ရန်းခူ ကျောက်ဆောင် "
ရွာကိုအံ့သြမှင်သက်စွာမြင်တွေ့ရမှာဖြစ်ပါတယ် ။
ကျောက်ဆောင်ကျောက်တုံးအကြီးအသေးပေါ်လိုက်ပြီးအိမ်အရွယ်အစားပုံသဏ္ဍန်များလည်းကွာခြားကုန်ပါတယ် ၊
သဘာဝကျောက်ဆောင်ကျောက်တုံးများက အိမ်ဆောက်တဲ့နေရာမှာ Natural Foundation ပုံသဏ္ဍန်လိုဖြစ်နေတာကိုတွေ့ရပါတယ် ။
သူတို့ရဲ့အိမ်ဆောက်လုပ်ခြင်း Thechniq
& Method ကလည်းမချီးကျူးဘဲမနေနိုင်ပါဘူး ၊။

ရန်းခူရွာရဲ့ပတ်ပတ်လည်မှာမြင့်မားတဲ့ရှမ်းတောင်တန်းကြီးများ ၊
ကယားတောင်တန်းကြီးများကို
ရှူ့မငြီးလှတဲ့သဘာဝအလှအပများကိုလွမ်းမောစွာကြည့်ရှု့ခံစားနိုင်မှာဖြစ်ပါတယ်
၊ နေ့ချင်းပြန် ( Day Return ၊ Day Trip )
သွားရောက်ကာကယန်းလူမျိုးတို့ရဲ့ရှေးရိုးရာမပျက်
ဘဝနေထိုင်မှုဓလေ့ထုံးစံများကိုလည်းအနီးကပ်လေ့လာနိုင်မှာဖြစ်ပါတယ် ။
နွေးထွေးပျူငှာစွာ ဖော်ရွေတတ်တဲ့ကယန်းလူမျိုးတို့ရဲ့ထိုရွာလေးမှာ
တစ်ညတာအိပ်စက်အနားယူကြမယ်ဆိုလျှင်လည်းသန့်ရှင်းသပ်ရပ်စွာစီစဉ်ဆောင်ရွက်ပေးကြပါတယ်
။
ရန်းခူကျေးရွာလေးဟာ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ် (
ယခင်မိုးဗြဲမြို့နယ်) အလယ်ကယန်းကျေးရွာအုပ်စုတွင်တည်ရှိပါသည် ၊
အရှေ့မြောက်ဘက်တွင် ကရားကျေးရွာနှင့်ဝှါစမ်းရွာဟောင်း ၊
အနောက်မြောက်ဘက်တွင် တိုတန်ကျေးရွာ ၊ အနောက်ဘက်တွင် ရေကန်ပူလောကျေးရွာ ၊
အရှေ့တောင်ဘက်တွင်ဖူးလောင်းကျေးရွာနှင့် အရှေ့ဘက်တွင်
ဟိုက်တုံကျေးရွာတို့အကြားတောင်ထိပ်ပေါ်ရှိသဘာဝကျောက်ဆောင်
ကျောက်တုံးကြီးများပေါ်တွင်သံဖိနပ်မပါဘဲတည်ဆောက်ထားသောကြောင့်အင်မတန်ထူးခြားဆန်းပြားသော
ကယန်းလူမျိုးစုများနေထိုင်ကြသည့် ရှေးဟောင်းရွာလေးတစ်ရွာဖြစ်ပါသည် ။
ရန်းခူ( RanKhu ) ဆိုသည့်ဝေါဟာရမှာကယန်းဘာသာဖြင့် " လုံရန်ခူ " ဟုအဓိပ္ပာယ်ဖွင့်ဆိုထားပါသည် ၊ မြန်မာလို " ကျောက်ဆောင် " ဖြစ်ပြီး အင်္ဂလိပ်လို " Rocky “ ဟုအဓိပ္ပာယ်သက်ရောက်ပါသည် ၊ ကျောက်ဆောင်၏ရှင်းလင်းချက်တွင်ကား " ကျောက် " ဆိုသည်မှာ " ခိုင်မာသော ၊ ခိုင်ခံ့သော ၊ လေးနက်သော ၊ တည်မြဲသောဟု " အဓိပ္ပာယ်ဖြစ်ပြီး " ဆောင် " ဆိုသည်မှာ " စွမ်းဆောင်နိုင်ခြင်း ၊ စုစည်းနိုင်ခြင်း ၊ စည်းလုံးနိုင်ခြင်း " ဟုအဓိပ္ပာယ်သက်ရောက်ပါသည် ။

ထူထပ်သောသစ်တောများ ၊ တောင်တန်းတောင်စွယ်များ၏အကြား
မိုးမြင့်ထက်တွင်ထာဝရအမြဲစိမ်းလန်းစိုပြေငြိမ်းချမ်းစွာနေထိုင်သောကျေးရွာဖြစ်ပါသည်
။
ရန်းခူကျေးရွာ၏ဧရိယာအကျယ်အဝန်းမှာအလျား (၅) ဖာလုံ ၊ အနံ(၂) ဖာလုံခန့်သာရှိပါသည် ။ ရာသီဥတုမှာအပူအအေးမျှတကာ တောင်တန်းဒေသဖြစ်သဖြင့်အပူချိန်နည်းပါးပြီးမိုးများသောဒေသဖြစ်ပါသည် ။
ရန်းခူဆွေမျိုးစုသည် ကယန်းအမျိုးသားဖြစ်ပြီး " လထာ " မျိုးနွယ်စုဝင်ဖြစ်ပါသည် ၊ ရွာတည်မှစ၍၁၉၆၉ ခုနှစ်အထိ ( နတ်စား ) နတ်ကိုးကွယ်ယုံကြည်ပြီး ၁၉၇၀ ပြည့်နှစ်မှစ၍ ယနေ့အထိကက်သလစ်ဘာသာကို သက်ဝင်ယုံကြည်လာခဲ့ကြပါသည် ။

၁၉၇၄ ခုနှစ်မှ၁၉၈၆ခုနှစ်အထိ ကိုယ်ထူကိုယ်ထကျောင်းကိုဖွင့်လှစ်ခဲ့ပြီး ၁၉၈၆
ခုနှစ်မှာ အစိုးရမူလတန်းကျောင်းအဖြစ်အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါသည် ၊
ရန်းခူဆွေမျိုးစုနှင့်ကျေးရွာတို့သည်လွန်ခဲ့သည့်သက္ကရာဇ်နှစ်ပေါင်း ၁၅၀၀
ခန့်က တည်ရှိခဲ့သောကျေးရွာတစ်ရွာဖြစ်ပါသည် ။
ရှေးဘိုးဘေးဘီဘင်အဆက်ဆက်ပြောဆိုချက်များအရ
၁၇၀ဝပြည့်နှစ်ခန့်ကတည်းကလက်ရှိရန်းခူကျေးရွာတည်ရှိသော " လုံရန်ဆောင် (
Rocky - ရန်းခူကျောက်ဆောင် )
နေရာသည်တည်ရှိခဲ့ကြောင်းလေ့လာတွေ့ရှိခဲ့ကြောင်းမှတ်တမ်းများအရသိရှိရပါသည် ။
ဤနေရာကိုရွာတည်ရခြင်းအကြောင်းရင်းမှာ ထိုစဉ်ကာလက တစ်ရွာနှင့်တစ်ရွာ ဓါး ၊ လှံနှင့်စစ်တိုက်ရခြင်း ၊ မီးဘေး ၊ လေဘေးများကိုပိုမိုကာကွယ်နိုင်ခြင်း ၊ ရေပိုနီးခြင်း၊ တောင်ယာခုတ်စားသည့်နေရာပိုမိုရရှိလာခြင်းစသည့်အကြောင်းရင်းများကြောင့်ကျောက်ဆောင်ပေါ်တွင် ရွာတည်ရခြင်းဖြစ်သည်ဟုလေ့လာချက်များအရသိရှိရပါသည် ။
မိရိုးဖလာရိုးရာစိုက်ပျိုးရေးလုပ်ငန်းများကိုသာအဓိက အားထားကာ နှစ်ရှည်လိမ္မော်ပင်များ ၊ ရွှေ့ပြောင်းတောင်ယာစိုက်ခြင်းများဖြင့်အသက်မွေးဝမ်းကြောင်းပြုကြပါသည် ။
ရန်းခူကျေးရွာကို ၂၀၀၃ ခုနှစ်မှ၂၀၀၆
ခုနှစ်အထိကိုယ်ထူကိုယ်ထစနစ်ဖြင့်နွေရာသီသုံးမြေသားလမ်းကို
လူအားနှင့်ဖောက်လုပ်ပြီး
ကယန်းပြည်သစ်ပါတီငြိမ်းချမ်းရေးအဖွဲ့နှင့်ရပ်ရွာလူထုများပူးပေါင်းပြီး
၂၀၁၆-၂၀၁၇ ခုနှစ်တွင်စက်ယန္တရားဖြင့်ဖောက်လုပ်ခဲ့ပါသော်လည်း
မိုးရာသီအချိန်တွင်မြေပြိုမှုများ ( Land Slide)
ဆက်တိုက်ဖြစ်ပွားမှုကြောင့်
သွားလာရန်အခက်အခဲများစွာကြုံတွေ့နေရသည့်ရွာလေးဖြစ်ပါသည် ။
ထို့ကြောင့်နိုင်ငံတကာခရီးသွားလုပ်ငန်းများအဆင်ပြေချောမွေ့သွားလာနိုင်စေရေးနှင့်ဒေသခံတိုင်ရင်းသားများ၏လူနေမှုဘဝမြင့်မားစေရေးတို့အတွက်နိုင်ငံတော်မှ လမ်း/တံတားများကိုတာဝန်ယူဖောက်လုပ်ပေးခဲ့မည်ဆိုပါက ရန်းခူကျေးရွာလေးသည် မြန်မာမှာသာမက အာဆီယံအမွေအနှစ်ကျေးရွာအဖြစ်သို့အသိအမှတ်ပြုနိုင်ကောင်းပြုနိုင်မည်ဖြစ်ပါသည် ။

ထို့ကြောင့်ပြည်တွင်းမှခရီးသွားချစ်သူမိတ်ဆွေအပေါင်းတို့လည်း
ရန်းခူကျေးရွာလေးသို့တစ်ခါတစ်ခေါက်အရောက်သာလှမ်းလာခဲ့ကြပါလို့ရေးသားတင်ပြအပ်လိုက်ရပါတယ်ခင်ဗျာ
...။
(၆၇) နှစ်မြောက်ကယားပြည်နယ်နေ့အား ဤဆောင်းပါးဖြင့်ကြိုဆိုဂုဏ်ပြုအပ်ပါသည်ခင်ဗျာ 🙏🙏🙏
စည်သူမောင်
ဇန်နဝါရီလ ၇ ရက် ၂၀၁၉ ခုနှစ်
ဓါတ္ပံု ဧရာကိုကိုဇန်နဝါရီလ ၇ ရက် ၂၀၁၉ ခုနှစ်
Credit >Sithu maung fb
Comments
Post a Comment