ကမ္ဘာမှာ မိုဘိုင်းဒေတာ စျေးအသက်သာဆုံး 10 နိုင်ငံမှာ မြန်မာပါလာ



စစ်တမ်းတစ်ခုအရ ဗြိတိန်ဟာ ဥရောပမှာမိုဘိုင်းဒေတာစျေးအကြီးဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ ဖင်လန်မှစျေးထက် ဗြိတိန်မှာ 6 ဆလောက် ပိုပေးနေရပါတယ်။ မိုဘိုင်းဒေတာစျေးအသက်သာဆုံး နိုင်ငံ 10 နိုင်ငံထဲမှာကွန်ဂို၊ ရဝမ်ဒါ၊ ဆူဒန်နဲ့ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။

မိုဘိုင်းဒေတာ စျေးအသက်သာဆုံး 10 နိုင်ငံစာရင်းမှာ မြန်မာဟာနံပါတ် 9 နေရာမှာ ရပ်တည်နေပြီး 1GB Mobile Data ကို 0.87 ဒေါ်လာသာ ပေးသုံးနေရပါတယ်။ အိန္ဒိယက စျေးအသက်သာဆုံးစာရင်းမှာ နံပါတ် 1 နေရာရ ထားပါတယ်။ ဗြိတိန်က 6.66 ဒေါ်လာနဲ့ အမေရိကန်က 12.37 ဒေါ်လာကျသင့်ပါတယ်။ ဇင်ဘာဘွေရဲ့ စျေးကအလွန်များပြားပြီး 75.20 ဒေါ်လာရှိပါတယ်။

မိုဘိုင်းဒေတာ စျေးအသက်သာဆုံး ထိပ်ဆုံး 10 နိုင်ငံနဲ့ 1GB Mobile Data အတွက် ကျသင့်တဲ့ စျေးများကို အောက်မှာ ကြည့်ပါ။

1 India $0.26

2 Kyrgyzstan $0.27

3 Kazakhstan $0.49

4 Ukraine $0.51

5 Rwanda $0.56

6 Sudan $0.68

7 Sri Lanka $0.78

8 Mongolia $0.82

9 Myanmar $0.87

10 DRC $0.88

NetGuide Journal (Every Wednesday)

Comments