မနက်ခင်းတွင် အဆာပြေ ဖြစ် စေ၊ အဝစားဖြစ်စေ မနက်ခင်းစာ ကို မစားသုံးဖြစ်ခြင်း
ဟာ နှလုံး တိုက်ခိုက်မှု ဒဏ်ကိုခံရဖို့ ၂၇% ပိုမိုတယ်လို့ သိရပါတယ်။ ဒီအခြေ အနေဟာ
အမျိုးသားတွေမှာ အဖြစ် များပြီး နှလုံးသွေး ကြောကျဉ်း ဝေဒနာခံစားရနိုင်ခြေလည်း
များ တယ်လို့ဖော်ပြထားပါတယ်။
ဒီလေ့လာမှုကို ၁၉၉၂ ခုနှစ် ကနေ ၂ဝဝ၈ခုနှစ်အထိ အသက် ၄၅နှစ်ကနေ ၈၂နှစ်အတွင်း
အမျိုး သား၂၆၉၀၂ဦး ကိုမေးခွန်းများ မေး မြန်းပြီး ပြုလုပ်ထား တာဖြစ်ပါတယ်။
တွေ့ရှိခဲ့တဲ့ နောက်တစ်ချက်ကတော့ မနက်စာလွတ်သူတွေဟာ အိမ်ထောင် မရှိသူများ၊ ဆေး
လိပ်သောက်သူများ၊ ယမကာသမားများ၊ အချိန်ပြည့်နီးပါး အလုပ်လုပ်နေရသူများပဲ ဖြစ်ပွားမှု များနေတာပဲ ဖြစ်ပါတယ်။
ညဘက်မှာနောက်ကျမှ အိပ်ယာ ဝင်သူတွေနဲ့ နောက်ကျမှ ညစာစားသူ တွေဟာ
မနက်စာလွတ်နိုင်ချေများပြီး တော့ နှလုံးတိုက်ခိုက်မှုဒဏ်ကို ခံရဖို့ ရာခိုင်နှုန်း
များနေပါတယ်။ ဒီလေ့လာ မှုမှာ ပါဝင်ခဲ့သူများအနက် နှလုံးရောဂါ ဖြစ်ပွားသူ
အမျိုးသား၁၅၇၂ဦးဟာ နှလုံးရောဂါ တိုက်ခိုက်မှုဒဏ်ကို အနည်း ဆုံးတစ်ကြိမ်ခန့်
ကြုံတွေ့ခဲ့ရပြီး သူတို့ အားလုံးဟာ မနက်စာကို အကြိမ် ရေတော်တော်များများ
လွတ်သွားကြ သူတွေ ဖြစ်ကြပါတယ်။
လေ့လာမှုခေါင်းဆောင် ဟား ဗတ်ဆေးတက္ကသိုလ်၊ အာဟာရဗေဒ ဆိုင်ရာ သုတေသီ Dr.Leah Cahill က
“မနက်စာလွတ်ခြင်းဟာ ကိစ္စအတော်များများကို ဦးတည်နေပါ တယ်။ အဝလွန်ခြင်း၊
သွေးတိုးနိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်းနဲ့ ဆီးချို သွေးချိုရောဂါတွေအတွက် risk factor ဖြစ်လာနေပါတယ်။ အဲဒါကြောင့်လဲ
မနက်စာ လွတ်သွား ရင် heart
attack ရနိုင်ချေများ
နေတာပါ” လို့ ရှင်းပြထားပါတယ်။
အခုလေ့လာမှုကို American
Heart Association Journal Circulation မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
သက်ကို
ref;ANI

Comments
Post a Comment