🔰 ဝေဖန်တဲ့ ပတ်ဝန်းကျင်ကို
ကြောက်နေရင် အောင်မြင်တဲ့
ပန်းတိုင်ကို မရောက်နိုင်ဘူး။🖋
🔰 လူတိုင်းက သင့်အတွက်
မိတ်ဆွေကောင်း မဖြစ်နိုင်သလို
လူတိုင်းက သင့်ရဲ့ ရန်သူတွေလည်း
မဟုတ်ကြပါဘူး။🖋
🔰 လူတိုင်းက သင့်ကို ချစ်ခင်ဖို့
ဆိုတာ မဖြစ်နိုင်သလို လူတိုင်းက
သင့်ကို မုန်းနေကြမှာလည်း မဟုတ်ပါဘူး။🖋
🔰 လူတိုင်းက သင့်အကြောင်း
စဉ်းစားနေကြမှာ မဟုတ်သလို
လူတိုင်းက သင့်ကို နားလည်ပေးဖို့
ဆိုတာလည်း မဖြစ်နိုင်ပါဘူး။🖋
🔰 လူတိုင်းက သင်ထင်တဲ့အတိုင်း
မဖြစ်နိုင် သလို လူတိုင်းက သင်နဲ့
သဘောထားချင်း ထပ်တူမကျနိုင်ဘူး။🖋
🔰 လူတိုင်းက သင့်စိတ်တိုင်းကျ
အသက်ရှင် နေကြတာ မဟုတ်သလို
လူတိုင်းရဲ့စိတ်တိုင်းကျ ဖြစ်အောင် သင်က
လိုက်လုပ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။🖋
🔰 လူတွေက သင့်အပေါ် နားလည်မှ ုတွေ
ပေးတယ်ဆိုတိုင်း သင် အမြဲတမ်း မှန်နေတာ
မဟုတ်သလို လူတွေက သင့်အပေါ်
ကဲ့ရဲ့ရှုပ်ချ တိုင်းလည်း သင် အမြဲတမ်း
မှားမနေနိုင်ပါဘူး။🖋
🔰 သင့်ကို ချစ်ခင်နေတဲ့ သူတွေက
သင့်ရဲ့ဆိုးကွက်ပေါင်း များစွာကို
အပြစ်လို့ မမြင်ပဲ နားလည်ခွင့်လွတ်
ပေးကြလိမ့်မယ်။🖋
🔰 သင့်ကို မနာလိုတဲ့ သူတွေက
သင့်ရဲ့ကောင်းကွက်ပေါင်း များစွာကို
ချီးမွမ်းစရာလို့ မမြင်ပဲ နစ်နာစေဖို့ ရွယ်ရည်ပြီး
ကဲ့ရဲ့ကြလိမ့်မယ်။🖋
🔰 တစ်ကယ်တော့ လူတိုင်း
လူတိုင်း တန်ဖိုးရှိတဲ့ လူ့ဘဝ
ဆိုတာကို ထပ်တူမကျတဲ့ လူတွေ
ကြားထဲမှာ လိုက်လျောညီထွေ ဖြစ်အောင်
ညှိရင်း တည်ဆောက် နေကြရတာပါပဲ။🖋
Credit#
Comments
Post a Comment