မိန်းမတွေကို အနိုင်မယူချင်ပါနဲ့

 


မိန်းမတွေကို အနိုင်မယူချင်ပါနဲ့

•••••••••••••••••••••••••••••


အို … ဘုရားဆုပန်နိုင်တဲ့ ယောက်ျားတို့ရေ …

မိန်းမဆိုတဲ့ မိခင်လောင်းတွေကို အနိုင်မယူပါနဲ့

အားနွဲ့သူဆိုပြီး အနိုင်မကျင့်ကြပါနဲ့ …


ယောက်ျားများနဲ့ယှဉ်လိုက်လျှင် နိမ့်ကျတယ်ဆိုပြီး …

အထင်သေးစိတ်တွေ မမွေးမြူလိုက်ပါနဲ့ …

ကျွန်တော်တို့ယောက်ျားတွေကို မွေးဖွားပေးခဲ့တာ …

မိန်းမဆိုတဲ့ သူတို့တွေပါပဲ …


သန်မာထွားကျိုင်းတဲ့ ယောက်ျားတွေကို …

ဝမ်းဗိုက်ထဲ ထည့်ထားနိုင်တာလဲ မိန်းမတွေပါ …


ပညာတတ်ကြီးတွေ ဆရာဝန်ကြီးတွေ …

အရက်သမားကအစ သူတောင်းစားအဆုံး …

ဝမ်းဗိုက်ထဲမှာ နေထိုင်ခွင့်ပေးခဲ့ပြီး …

လအတန်ကြာသည်အထိ အင်အားကြီးစွာဖြင့် …

ယောက်ျားများကို လွယ်ထားနိုင်သူတွေပါ …


သင်အထင်သေး အမြင်သေးနေတဲ့ …

မိန်းမတွေကို ကိုယ်ချင်းစာကြည့်ပါ …

သူတို့ဟာ အားနွဲ့သူတွေလို့ထင်ရပေမယ့် …

မေတ္တာတရားနဲ့ပတ်သက်လျှင်အင်အားကြီးသူပါ …


ယောက်ျားတွေနဲတန်းတူ အလေးပင်များကို …

သယ်မနိုင်ခြင်းမရှိပေမယ့် …

ယောက်ျားတွေမလုပ်နိုင်တဲ့ ကိုယ်ဝန်လွယ်ခြင်း …

မီးဖွားခြင်းများ သူတို့လုပ်နိုင်ပါတယ် …


ရာဇဝင်မှာ သားသမီးနဲ့ပတ်သက်လျှင် …

အချစ်ကြီးလွန်းတဲ့ မပဋာသည်လည်း …

မိန်းမတစ်ဦးပါပဲ …


ရင်သွေးလေးသေမယ့်အရေး သိခဲ့သောကြောင့် …

မြေလူးငိုခဲ့တဲ့နေရာ အခုထိမြက်မပေါက်နိုင်ဘူး …

ရာဇဝင်ထဲမှာ များစွာသောမိခင်လောင်းတို့ရဲ့ …

အချစ်ကြီးပုံတွေ မေတ္တာကြီးမားပုံတွေဟာ …

ရေး၍ပင် မကုန်နိုင်ပါဘူး …


ဆိုလိုသည်က မိန်းမဆိုတဲ့လူထဲကလူတွေကို …

အားနွဲ့သူဆိုပြီး အနိုင်မယူစေဖို့ပါ …

နိမ့်ကျသူတွေဆိုပြီး အထင်မသေးစေဖို့ပါ …


သင်ချစ်သော သင့်မိခင်ပင်လျှင်

အားနွဲ့တဲ့မိန်းမတစ်ဦးဖြစ်ပေသည် ။


Credit #ဘဝရဲ့ခရီးသည်

Comments